နေထိုင်၊ ၀တ်စားဆင်ယင်မှု၊ လုပ်ကိုင်၊ ပြောဆိုဟန်ကိုကြည့်ပါက။ ၀-လွယ် လို့ခေါ်သင့်ရုံမျှ မက၊ ၀ လို့ခေါ်လျှင်တောင် မမှားနိုင်တဲ့ အနေထားပါ။ သို့သော် သူတို့က ဘာဖြစ်လို့ သူတို့ကို သူတို့ တိုင်းလွယ် လို့အခေါ်ခံရပါသလဲ။ သို့မဟုတ်။ သူတို့ကိုယ်တိုင်ကပင် တိုင်းလွယ်ဟု အခေါ်ခံ နေရသည်ကို ၀မ်းသာ အားရနှစ်သက်ကြည်နူးနေမှန်းလည်း မသိပါဘူး။......ပြီးတော့ ဤသို့အခေါ်ခံ နေရသည်ကို လွယ်လူမျိုးစု အစစ်တွေက တကယ်ကော သိရှိကြရဲ့လား။ သိသိကြီးနဲ့ တိတ်သူခိုး ပြုံးမိနေကြသလားမသိ။ ဤသို့ခေါ်ဆို သူတွေကတော့ စကားလုံးအရ ရှမ်း=တိုင်း တွေက ခေါ်ဆိုတာလို့ယူဆမိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ `တိုင်း´ဆိုတဲ့ ဝေါဟာရက ရှမ်းတွေက သူတို့ကို အရမ်းကြိုက်တဲ့ စကားလုံးမို့ပါ။ ကျွန်တော် ကိုယ်တိုင် စမ်းခေါ်ကြည့်ဖူးလို့ပါ။
ဒီတော့ အလွန်သိသာပါတယ်။ မြန်မာနိုင်ငံတွင်းမှီတင်းနေထိုင် နေကြသည့် ၀ တိုင်းသား နွယ်စ၀င် ၁၆ ထဲက တစ်မျိုးအပါအ၀င်ဖြစ်တဲ့ ပလန်(င်) = လွယ် လူမျိုးစုလေးက ရှမ်းတို့၏ အသွပ်သွင်းခံ၊ခေါ်ဆိုလည့်ဖြား စားသောက်ခံ ဖြစ်နေပါတယ်။
သို့ဖြစ်၍ အချိန်မှီ ပြန်လည် ဖြေရှင်းနိုင်စေရန်ရည်ရွယ်ပြီး ဤ post ကို တင်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်၏ သူငယ်ချင်းများထဲမှ တကယ်လို့ လွယ်များရှိခဲ့ ပါက။။။ အမောပြေဆေးရေ တစ်ခွက် ဦးအိုက်ဝ တိုက်ကြွေးပါတယ်လို့။။။။.... သိရှိနိုင်ပါစေ
No comments :
Post a Comment
Prah Een Lox